Thursday, August 3, 2017

Online လောကဟာ အပြိုင်အဆိုင် တော်တော်များတဲ့လောကဖြစ်ပါတယ်။ ဒီလောကမှာ လူသိများဖို့အတွက် ပုံမှန်အားဖြင့် ပိုက်ဆံတော်တော်များများ သုံးရလေ့ရှိပါတယ်။ ဒါပေမယ့် အခုမှ စပြီးထောင်တဲ့ လုပ်ငန်းမျိုးတွေ၊ အမြတ်သိပ်မရသေးတဲ့ လုပ်ငန်းတွေမှာဆိုရင်တော့ တစ်လတစ်လ ဒေါ်လာထောင်ချီ သုံးဖို့ မလွယ်ကူဘူးပေါ့။ ဒီလိုမျိုးအခြေအနေဖြစ်နေပြီဆိုရင်တော့ ဒီအချက် (၄) ချက် လုပ်ဆောင်ခြင်းဖြင့် ပိုက်ဆံများများမကုန်ဘဲ လူသိများလာစေမှာဖြစ်ပါတယ်။


(၁) သင့်ရဲ့ Social Media account တွေမှာ Product တွေ Service တွေချည်းပဲ တင်မနေပါနဲ့။


သင့်ရဲ့ Facebook page တစ်ခုလုံးမှာ သင်ရောင်းတဲ့ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေအကြောင်းချည်းပဲ တောက်လျှောက်တင်နေရင် သင့်ရဲ့ page ကြီးက အရမ်းကိုပျင်းဖို့ကောင်းနေမှာပါ။ ဒီနေ့ခေတ်မှာ Brand တွေဟာ Social Media မှာ active အရမ်းဖြစ်ကြတယ်ဆိုပေမယ့် ဈေးချည်းပဲရောင်းနေတာမဟုတ်ပါဘူး။ တခြား Engage ဖြစ်နိုင်တဲ့ Content တွေနဲ့ တွဲဖက်ပြီး တင်ဆက်နေကြတာဖြစ်ပါတယ်။ အများစု Recommend ပေးတာကတော့ 80 – 20 rule လို့ခေါ်တဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာ 80% တင်ရင် ကိုယ့်ရဲ့ ကုန်ပစ္စည်းအကြောင်းကို 20% ပဲ တင်တာ အကောင်းဆုံးပါပဲ။ (Social Media Marketing နဲ့ ပတ်သက်ရင် ကျွန်တော့်သူငယ်ချင်းတွေ တည်ထောင်ထားတဲ့ Digital Wave လုပ်ငန်း၊ ဖုန်းနံပါတ် 09 7777 333 80 မှာ အခမဲ့ တိုင်ပင်စုံစမ်းနိုင်ပါတယ်။ ကျွန်တော်သိသမျှ SME နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေထဲမှာ သူတို့လဲ ဈေးအတန်ဆုံးနဲ့ အကောင်းဆုံးထဲကပါပါတယ်။)

(၂) Backlink တွေ မဝယ်ပါနဲ့။


ဒါကတော့ SEO နဲ့ ပတ်သက်ပါတယ်။ Website တွေဟာ ကိုယ့်ရဲ့ page တွေ Google Search မှာ Rank တက်အောင်လို့ backlink တွေ ဝယ်တတ်ကြပါတယ်။ တကယ်တော့ backlink ရဲ့ အကျိုးသက်ရောက်မှုက ပြောင်းပြန်ပါပဲ။ တကယ်က link ဘယ်လောက်များသလဲ ကြည့်တာမဟုတ်ပါဘူး၊ Link ရဲ့ quality ကသာ အရေးကြီးတာဖြစ်ပါတယ်။ ဒါကြောင့် Backlink ဝယ်ယူခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၃) Instagram ကို သွားဖို့ ကြိုးစားပါ။


Instagram ဟာ တကယ်တော့ ရတနာသိုက်တစ်ခုပါပဲ။ လုပ်ငန်းတော်တော်များများဟာ Facebook မှာပဲ ရင်းနှီးမြှုပ်နှံနေကြတဲ့အချိန်မှာ အသုံးပြုသူ သန်း ၃၀၀ ကျော်ရှိတဲ့ Instagram ဟာ အမေ့ခံလိုဖြစ်နေပါတယ်။ တကယ်တော့ ဒီ user အရေအတွက်နဲ့ဆိုရင် သင့်လုပ်ငန်းကို တိုးတက်အောင် လုပ်ဖို့ အကောင်းဆုံး Channel တွေထဲမှာ Instagram လဲ ပါပါတယ်။ Instagram နဲ့ သင့်တော်တဲ့လုပ်ငန်းတွေကတော့ ဖက်ရှင်လုပ်ငန်း၊ Gym လုပ်ငန်း၊ Birthday Gift and Floral Service လို လုပ်ငန်းမျိုးတွေ၊ စားသောက်ကုန်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ၊ ဓာတ်ပုံရိုက်ပြီး တင်ရင် လှနိုင်မယ့် လုပ်ငန်းအမျိုးအစား တော်တော်များများ သင့်တော်ပါတယ်။

(၄) သင့်စီးပွားရေး လုပ်ငန်းနဲ့ ကိုက်ညီမယ့် Domain ကိုရွေးချယ်ပြီး website တစ်ခုလောက် တည်ထောင်ထားပါ။


တကယ်တော့ Social Media မှာပဲ လှုပ်ရှားနေပြီး website မရှိဘူးဆိုတာက လုပ်ငန်းအချို့အတွက်ပဲ အဆင်ပြေစေနိုင်ပါတယ်။ အထူးသဖြင့် အများနဲ့ချိတ်ဆက်ဆောင်ရွက်ရတဲ့ လုပ်ငန်းမျိုးတွေမှာ website တစ်ခုရှိမှ လူရှိန်မှာပါ။ နောက်ပြီး Social Media ဆိုတာ Data ပြန်လည်ရှာဖွေဖို့ ခက်ခဲတဲ့အတွက် website တစ်ခုတော့ တည်ထောင်ထားသင့်ပါတယ်။
Digital Media လောကဟာ တကယ်ကို ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ Digital ခေတ်မှာ ကုန်ကျစားရိတ် နည်းနည်းနဲ့ ထိရောက်စွာ ထိုးဖောက်ချင်သူတွေအတွက် ဖောက်သည်ချ တင်ပြလိုက်ပါတယ်။


မောင်သက်နောင် (ဟင်္သာတ တက္ကသိုလ်) 
Credit...... 
အောင်မွန်ချမ်း (Myanmar Leaders)

No comments:

Post a Comment

“Cover letter ရေးနည်း” (၁) Cover Letter ဆိုတာ Cover Letter ဆိုတာဟာ resume သို့မဟုတ် CV တို့နဲ့ တွဲပြီးတင်ရလေ့ရှိတဲ့၊ တစ်နည်း...