ကျွန်တော်က မုန့်ဟင်းခါး သိပ်မကြိုက်ဘူး။သိပ်မကြိုက်ဘူး ဆိုပေမယ့် ဥတု၊အချိန်၊အဟာရ သုံးဦးသုံးဖလှယ် တင့်တယ်တဲ့
ချိန် ဆိုရင်တော့ စားဖြစ်တယ်ပေါ့ဗျာ။ဒီနေ့တော့ အဲ့ဒီ သုံးပါးမျှတလို့ မုန့်ဟင်းခါး စားဖြစ်တယ်။
ဆိုင်နေရာကို မပြောခင် အရင်ဆုံး ဆိုင်ရဲ့ အခင်းအကျင်းလေးပြောပြမယ်။ဆိုင်က လမ်းဘေးမှာ အထမ်းနဲ့ရောင်းတဲ့ဆိုင်ပဲ။
မုန့်ဟင်းရည်အိုးက တစ်ဘက် မုန့်ဖတ်နဲ့ အကြော်က တစ်ဘက် အဲ့နှစ်ဘက်ကို အထမ်းလေးနဲ့ရောင်းတာ။ဆိုင်ရှေ့မှာ ရပ်
ရပ်ခြင်း ဆိုင်ကကောင်လေးက ပလက်စတစ်ခုံလေး တစ်ခုံချပေးရင်း ဘာစားမလဲ အကို ဆိုပြီး မေးတယ်။အမှန်တော့ သူ့
ဆိုင်မှာ မုန့်ဟင်းခါး တစ်မျိုးပဲ ရတာ။ဘာစားမလဲ ဆိုတာက မုန့်ဟင်းခါး ကို ဘယ်လို စားမလဲ ဆိုတဲ့သဘောနဲ့မေးတာ။
သူ့ဆိုင်မှာ မုန့်ဟင်းခါးနဲ့ တွဲဖက်စားဖို့ ဘူးသီးကြော်၊ပဲကပ်ကြော်၊မန္တလေးပဲကြော်၊ကြက်သွန်ကြော် ဆိုပြီးအကြော် ၄ မျိုးရတဲ့
အပြင် အိုးဘဲဥပါရသေးတယ်။ကျွန်တော် ရောက်သွားတဲ့အချိန်က နည်းနည်း နောက်ကျနေပြီဆိုတော့ အိုးဘဲဥမရတော့ဘူး။
ကျွန်တော့် အနေနဲ့က မစားဖူးတဲ့ ဆိုင်အသစ်ဖြစ် နေတာရယ် အရသာကို မြည်းစမ်းချင်တာရယ်ကြောင့် မုန့်ဟင်းခါးကို ဘူး
သီးကြော်နဲ့ ထည့်ပေး ဆိုပြီး မှာလိုက်တယ်။
ဆိုင်က ကောင်လေးက မုန့်ဟင်းခါး မထည့်ပေးခင် နံနံပင် ထည့်မလားဆိုပြီးမေးတယ်။ကျွန်တော်က အစားသိပ်မရှောင်
တတ်တာကြောင့် ခေါင်းပဲ ညှိမ့်ပြလိုက်တယ်။ကျွန်တော့ရှေ့မှာ စောင့်နေတဲ့သူ ၃ယောက် ရှိနေပေမယ့် သိပ်မကြာဘူး။၂မိ
နစ် လောက်ပဲ စောင့်လိုက်ရတယ်ဗျ။
မုန့်ဟင်းခါးရဲ့ အရသာက တော်တော်လေး စားလို့ အဆင်ပြေတယ်ဗျ။မုန့်ဟင်းရည်ကို ငါးနဲ့ သေသေချာချာ ချက်တယ် ထင်
တာပဲ။ပြီးတော့ တခြားမုန့်ဟင်းခါး ဆိုင်တွေလို ဟင်းရည် မခိုဘူး။မုန့် ဖက်နဲ့ ညီအောင် ပြည့်ပြည့်ဝဝ ထည့်ပေးတယ်။ဒါ့အပြ
င် မုန့်ဟင်းခါးကို အစပ်ကြိုက်တဲ့သူတွေအတွက် ငရုပ်သီးအကြက်မှုန့်ကို ဘူးလေးနဲ့ ချထား ပေးတယ်။ကြိုက်သလောက်
သာ ထည့်စားလို့ ရတယ်။ပိုပြီးကောင်းတာက ပဲသီးအတောင့်ကို ပါးပါးလှီးပြီး စိတ်ကြိုက်ချထားပေးတာပဲ။တခြားဆိုင်တွေ
လို စကေးနဲ့ ထည့်ပေးတာမျိုး မဟုတ်ဘူး။ကျွန်တော်က ပဲသီးကြိုက်တော့ အဲ့အစီအစဉ်ကို တော်တော်လေး သဘောကျတ
ယ်။
နောက်ပြီး ငှက်ပျောပင်ဖတ် ကြိုက်တဲ့သူတွေ အနေနဲ့ ပိုပိုသာသာလေး ထည့်ပေးဆိုပြီး တောင်းလို့ရတာပဲ။အကြိုက်ဆုံး
တစ်ခုကတော့ ကြက်သွန်ဥ ကို အိုးထဲမှာ ပစ်စလက်ခတ် ထည့်ထားတာ မဟုတ်ပဲ ဘေးနားမှာ ဘူးလေးနဲ့ သီးသန့်ဖယ်
ထားတာပဲ။ကြိုက်တဲ့သူက တောင်းဆိုတာနဲ့ ကြက်သွန်ဥ အပြင် ဟင်းရည်လေးပါ နည်းနည်း ထည့်ပေး သေးတယ်ဗျား...။
အချဉ်ကြိုက်သူတွေအတွက် ပုလဲ တံဆိပ် ရှာလကာရည်အပြင် ရိုးရိုး သံပယိုသီးကို အစိတ်လေးတွေ လှီးပေးထားတာလည်
း ရှိသေးတယ်။ကြိုက်ရာ ရွေးစားလို့ ရတာပေါ့။ ငံပြာရည်ကလည်း ရွှေငါးတံဆိပ် အသင့်သုံး ငံပြာရည်ကို ချပေးထားတာဆို
တော့ လက်တွေ ဘာတွေ နံမှာလည်း ပူစရာမလိုဘူး။စားပြီးလို့ စပ်ရင် အသင့်သောက်ဖို့အတွက် ရေဘူးချထား
ပေးတယ်။Tissue ကိုလည်း ready ပြင်ထားပေးတယ်။
စားပြီးလို့ ပိုက်ဆံရှင်းတော့ မုန့်ဟင်းခါးနဲ့ အကြော်တစ်ခုကို စုစုပေါင်း ၅၀၀ ပဲ ကျတယ်။ စားလို့ သင့်တယ် လို့ပြောလို့ရတ
ယ်။ဆိုင်မှာက ဝန်ထမ်း ၂ ယောက်ရှိတယ်။တစ်ယောက်က မုန့်ဖက်ပြင်ပေးတယ်။တစ်ယောက်က လိုအပ်တာ စီစဉ်ပေးတ
ယ်။စားပြီးလို့ ပိုက်ဆံရှင်းမလို့ စောင့်နေတုန်းမှာပဲ ဟင်းရည်သောက်ဦးမလား အကို ဆိုတာနဲ့ ခေါင်းညှိမ့်ပြလိုက်ပြီး ဟင်းရ
ည်နည်းနည်းပါ အဆစ်သောက်ခဲ့ရသေးတယ်။
ဒီလောက်ဆို စားသင့်မစားသင့် စဉ်းစားလို့ ရလောက်ပြီပေါ့။တကယ်လို့ စားချင်တယ်ဆိုရင်တော့ အရင် ဘားလမ်း ခေါ်
အခု မဟာဗန္ဓုလပန်းခြံလမ်း အပေါ်ဘလောက်နဲ့ အနော်ရထာလမ်း ဆုံတဲ့ နေရာလေးမှာ ရှိတယ်။ဆိုင်နာမည်က စိုးအောင်
ဆိုပြီး တစ်ပေလောက် သံပြားလေးပေါ်မှာ ရေးထားတယ်။
ဆိုင်ဖွင့်ချိန်က မနက် ၇ နာရီနဲ့ ၁၀ နာရီ ကြားအချိန်လောက်ပဲ။မုန့်ဟင်းခါး ချစ်သူတွေ အနေနဲ့ ရွေးချယ်သင့်တဲ့ နေရာလေး
တစ်ခုပဲ ဖြစ်ပါတယ်။လင်းညီညာ
No comments:
Post a Comment